Skip to main content

Posts

ကိုဗစ်ကြားက အရောင်းအဖွဲ့များ (အကြပ်အတည်းကို ကျော်ဖြတ်ခြင်း)

လက်ရှိအကြပ်အတည်း   နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF မှ BBC ကိုပြေပြချက် အရ  ၁၉၃၀ ကမ္ဘာ့စီးပွားရေးပျက်ကပ် ကာလ နောက်ပိုင်း အဆိုးဆုံးသော စီးပွားရေး အကြပ် အတည်းကာလ ကို ရောက်နေတာဖြစ်တယ်။ ဒီအကြပ်အတည်းကာလကနေလွတ်နေတဲ့ နိုင်ငံမရှိသလို လွတ်တဲ့ လူတွေလည်းမရှိပါဘူး။ မြန်မာနိုင်ငံမှာလည်း သူ့ပမာဏနဲ့ သူလုပ်ငန်းတိုင်း က အကြပ်အတည်း ကိုရင်ဆိုင်နေရတာ ဖြစ်တဲ့ အတွက် အဖွဲ့ အစည်းတစ်ခုရဲ့ ဝင်ငွေကို ဒိုင်ခံရှာပေးနေရတဲ့ အရောင်း အဖွဲ့ တွေကို ဒီစီးပွားရေး အကြပ်အတည်းက တိုက်ရိုက်ရိုက်ခတ်နေတာလည်းဖြစ်တယ်။ ဘယ်သူ့အပြစ်ကြောင့်မှ ဖြစ်နေတာမဟုတ်ပါဘူး။ အားလုံးမှာဖြစ်နေတာပါ။  အကြပ်အတည်းကာလ အရောင်းအဖွဲ့တွေမှာဘာတွေဖြစ်တတ်လည်း (၁) သဘောတူပြီးသား အရောင်းတွေဆုံးရှံးကြတယ် (၂)​ ရှိပြီးသား အရောင်းဝင်ငွေလျှော့ရ၊နောက်ကျပြီးရလာကြတယ် (၃) ဝန်ထမ်းနုတ်ထွက်၊ လျှော့ချ၊ ထုတ်ပယ် ၊ ပြောင်းရွှေ့တွေများလာကြတယ် (၄) အရောင်းရည်မှန်းချက်တွေ ဆက်တိုက်လွဲလာကြတယ် (၅) အပြစ်ပေး၊ အရေးယူမူတွေများလာကြတယ် (၆) ၎ာနချင်း အပြစ်တင်၊ လွဲချ၊သွေးကွဲတာတွေများလာကြတယ်  အကြပ်အတည်းကာလကို ဘယ်လိုကျော်ဖြတ်ကြမှာလည်း  ...

နောက်တန်းအရောင်းသမား

နောက်တန်းအရောင်းသမား အမြင်  မြန်မာပီပီ မြန်မာလိုစေ့စေ့ပေါက်ပေါက် တွေးမယ်ဆိုရင် အရောင်းသမားဆိုတာ ပစ္စည်းတစ်ပွေ့တစ်ပိုက် ၊ နေပူထဲ၊  ချွှေးတစ်လုံးလုံးနဲ့သွားလာနေတတ်တာကို တန်းမြင်ကြ လိမ့်မယ်။ တစ်ကယ်လဲ ဒီရာသီဥတုနဲ့ ဒီလို ပဲသွားလာကြတာများတာကို။  အနောက်တိုင်း ရုပ်ရှင်တွေထဲကလောက်တော့် ဘယ်ကဗျာဆန်မလည်း။  နောက်ထပ် အရောင်းသမားတွေအပေါ် မြင်လေ့ရှိတာက ၊ စကားများတယ်၊ လိုရာဆွဲပြောတတ်တယ် ဒါတွေကတော့် လူတိုင်းမြင် ကြလွန်းလို့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုအနေနဲ့ တောင်ဖြစ်နေပြီ။  အရောင်းအဖွဲ့  ကုမ္ပဏီ တစ်ခုမှာ အရောင်းအဖွဲ့တွေကို ကိုယ့်ထုတ်ကုန်၊ ကိုယ့်စျေးကွက်နဲ့ ကိုညီအောင် ပုံစံအမျိုးမျိုးဖွဲ့ကြ လေ့ရှိတယ်။ များသောအားဖြင့် ကိုင်ရတဲ့ ကုန်အမှတ်တံဆိပ်နဲ့ခွဲတာ ၊ ကိုင်ရတဲ့စျေးကွက်နဲ့ခွဲတာ စသည်ဖြင့် ခွဲကြတယ်။ ဘယ်အဖွဲ့ကို ဘယ်လိုခွဲခွဲ လုပ်ရတဲ့ အဓိက အလုပ် ပေါ်ခွဲရင်တော့ (၂) မျိုးပဲ ရှီတယ်။ ရှေ့တန်းအရောင်းသမားလို့ ခေါ်တဲ့   အပြင်ထွက်ရောင်းရတဲ့ အဖွဲနဲ့ နောက်တန်း အရောင်းသမားလို့ခေါ်တဲ့ ရုံးတွင်း အရောင်း အဖွဲ့ဆိုပြီး (၂) ဖွဲ့ခွဲ လို့ရတယ်။ မြန်မာပြည်မှာရေရေလည်လည် တွင...

သီတင်းကျွတ်လက်ဆောင် ဈေးဗန်းခင်းခြင်း

သက်ရှိလူသားတိုင်းနေ့တိုင်း သုံးရတဲ့ အရည်အချင်းထဲမှာ အရောင်းပညာရပ်က ထိပ်ဆုံးကပါပါတယ်။ကျွန်တော်သိသလောက်ပြောရရင် အရောင်းပညာရပ်တစ်ခုဆိုတာ အပေးနဲ့ အယူကြားမျှတမူရှိအောင် ညှိနှိုင်းယူရတဲ့ပညာရပ်ပါ။ ငယ်ငယ်တုံးက အမေကို ဂိမ်းစက်ကလေးဝယ်ပေးရင် ၊ နေ့တိုင်းထမင်းအိုးတည် ပေးမယ်လို့ ညှိနှိင်းရတယ်၊ ကြီးလာတော့် ကိုယ့်ကို အလုပ်ခန့်ရင် ကုမ္ပဏီ အမြတ် (၂)ဆရအောင် လုပ်ပေးမယ်ဆိုပြီး ညှိနိုင်းခဲ့ရတယ်၊ အဖေတစ်ယောက်ဖြစ်လာတော့ နေ့တိုင်းဒီအလုပ်တွေပြီးအောင်လုပ်ရင် ကျပ်တစ် ထောင်ရမယ်ဆိုပြီး ညှိနှိင်းခဲ့ရတယ်။ ဒီလိုနဲ့ အရောင်းပညာရပ်ကို အရင်ကလည်းရှိသမျှအရေးကိစ္စတွေမှာ သုံးသလိုနောက်နောင်လည်း သုံးရဉီးမှာပါ။ ပြောချင်တာက လူတိုင်း အရောင်းသမားပါပဲ၊ တစ်ခုမဟုတ်တစ်ခုတော့ နေ့စဉ်ရောင်းနေရတာပဲ။ လူတိုင်းကဈေးသည်ပါ ၊ တစ်နည်းနည်းနဲ့တော့် ဈေးဗန်းခင်းနေပါတယ်ဆိုတာကို လက်ခံတဲ့လူနဲ့ လက်မခံတဲ့လူပဲကွာတယ်။  တင်ထားတဲ့ဖိုင်တွေကတော့ ခော်ကာလအလိုက် ၊ ထုတ်ကုန်အလိုက် ၊ ဝယ်သူအလိုက် ပြောင်းလဲ အသုံးပြုလာခဲ့တဲ့ ညှိနိုင်းနည်း (တစ်နည်းအားဖြင့်ဆိုရင် ) ရောင်းနည်းတွေဖြစ်ပါတယ်။ Main Reference ယူထားတာကတော့် Barrett အဖွဲ့ ကထုတ်ထားတဲ့  "A Bar...