Skip to main content

Posts

Showing posts with the label Sales Onboarding

အရောင်းသမားတစ်ယောက်ရဲ့ ပထမ (၃) လ (Probation ကာလကို အိုးနင်း ခွက်နင်း ကျော်ဖြတ်ခြင်း)

  အရောင်းမန်နေဂျာသက် ၁၅ နှစ်မှာ အရောင်းသမား တွေကို အသုတ်လိုက် အသုတ်လိုက် ခနခန ခန့်ဖူးတယ်၊ ပထမ (၃)လ Probation ကာလ ပြီးတဲ့ချိန်တိုင်း ကြုံရလေ့ရှိတာက အကြောင်းအမျိုးမျိုး ကြောင့် ခန့်သလောက် မကျန်တာပါပဲ။ ကျန်တဲ့ တစ်ချို့ထဲက Probation ကာလ မှာ အသင့် မဖြစ်လို့ Probation ကိုလကို ထပ်တိုးလိုက်ရတာ တွေလည်း အများကြီးရှိဖူးတယ်။  ၂၀၀၃ ခုနှစ် ၊ မှာ ကုမ္ပဏီ  အရောင်းသမား ဘဝ ကို စခဲ့တုန်းက စီနီယာကြီးတွေရဲ့ ပထမဆုံးသော သင်ကြားချက်က ၊ ညီလေး ဒါလေးတွေဖတ်ထား ဆိုပြီး လက်ထဲကို Flyer တစ်ထပ်ကြီးရယ်၊ တာဝန်ယူရမည့် ထုတ်ကုန်တွေရဲ့ ၃ နှစ်စာလောက်ရှိတဲ့ အရောင်း ပြေစာဖိုင်ကို ထုတ်ပေးတယ်။ တစ်နေကုန် တစ်နေခန်း  ဖတ်ဆိုတော့သာ အိပ်ငိုက်လိုက် ဖတ်လိုက်နဲ့ ထိုင်ဖတ်တာ၊ ကုန်ပစ္စည်းအကြောင်း၊ စျေးကွက် အကြောင်းကို ရိပ်ဖမ်းသံဖမ်းလောက်လေး ပဲသိလိုက်ရတယ်၊ အရောင်းသမား အဖြစ် ဒုတိယပတ်ရောက်တော့် သိထားတာလေးနဲ့ အရောင်းစထွက်ရတာပဲ ၊ စျေးကွက်အကြောင်း၊ ထုတ်ကုန် အကြောင်းကိုမသိ၊ ပြိုင်ဖက်တွေအကြောင်းလည်းမသိ ၊ ကုမ္ပဏီ လုပ်ထုံး လုပ်နည်းတွေ အကြောင်းလည်း  ဂဃနဏ မသိတော့် လမ်းကြောင်းထွက်တိုင်း အမှားတွေတစ်လေကြီးနဲ့ ပြန်လာတိုင်း စီနီယာတွေ...