Skip to main content

The Day Sales Instinct Wasn't Enough

  What a misstep on a remote farm in Myanmar taught me about leadership, listening, and last-mile sales The Morning That Felt Different It was the kind of morning I’ve come to know well in rural Myanmar’s dry zone—quiet, golden, and already heavy with heat. The overnight bus from Yangon had dropped me in Magway at 4 a.m. The streets were still asleep, save for the occasional trishaw gliding past. I rented a small motorbike, found a local tea shop that was just beginning to stir, and waited for the first light with a cup of sweet, thick Burmese tea. I’d done this countless times—early field visits that began in silence and dust, long before any office opened. But this visit felt different. I wasn’t here to just observe or support. I was here to quietly assess one of our most promising team leads. Meet “Spiky Head” Everyone on the team called him Spiky Head —a nickname earned as much for his wild, uncombed hair as for his sharp, unfiltered energy. He had outsold everyone in the regi...

အရောင်းသမားတစ်ယောက်ရဲ့ ပထမ (၃) လ (Probation ကာလကို အိုးနင်း ခွက်နင်း ကျော်ဖြတ်ခြင်း)

 




အရောင်းမန်နေဂျာသက် ၁၅ နှစ်မှာ အရောင်းသမား တွေကို အသုတ်လိုက် အသုတ်လိုက် ခနခန ခန့်ဖူးတယ်၊ ပထမ (၃)လ Probation ကာလ ပြီးတဲ့ချိန်တိုင်း ကြုံရလေ့ရှိတာက အကြောင်းအမျိုးမျိုး ကြောင့် ခန့်သလောက် မကျန်တာပါပဲ။ ကျန်တဲ့ တစ်ချို့ထဲက Probation ကာလ မှာ အသင့် မဖြစ်လို့ Probation ကိုလကို ထပ်တိုးလိုက်ရတာ တွေလည်း အများကြီးရှိဖူးတယ်။ 


၂၀၀၃ ခုနှစ် ၊ မှာ ကုမ္ပဏီ  အရောင်းသမား ဘဝ ကို စခဲ့တုန်းက စီနီယာကြီးတွေရဲ့ ပထမဆုံးသော သင်ကြားချက်က ၊ ညီလေး ဒါလေးတွေဖတ်ထား ဆိုပြီး လက်ထဲကို Flyer တစ်ထပ်ကြီးရယ်၊ တာဝန်ယူရမည့် ထုတ်ကုန်တွေရဲ့ ၃ နှစ်စာလောက်ရှိတဲ့ အရောင်း ပြေစာဖိုင်ကို ထုတ်ပေးတယ်။ တစ်နေကုန် တစ်နေခန်း  ဖတ်ဆိုတော့သာ အိပ်ငိုက်လိုက် ဖတ်လိုက်နဲ့ ထိုင်ဖတ်တာ၊ ကုန်ပစ္စည်းအကြောင်း၊ စျေးကွက် အကြောင်းကို ရိပ်ဖမ်းသံဖမ်းလောက်လေး ပဲသိလိုက်ရတယ်၊


အရောင်းသမား အဖြစ် ဒုတိယပတ်ရောက်တော့် သိထားတာလေးနဲ့ အရောင်းစထွက်ရတာပဲ ၊ စျေးကွက်အကြောင်း၊ ထုတ်ကုန် အကြောင်းကိုမသိ၊ ပြိုင်ဖက်တွေအကြောင်းလည်းမသိ ၊ ကုမ္ပဏီ လုပ်ထုံး လုပ်နည်းတွေ အကြောင်းလည်း  ဂဃနဏ မသိတော့် လမ်းကြောင်းထွက်တိုင်း အမှားတွေတစ်လေကြီးနဲ့ ပြန်လာတိုင်း စီနီယာတွေရဲ့ ကလော်တုတ်ခံရတော့်တာပဲ။ အဲ့သည်တုံး က အရောင်း အလုပ်ဆိုတာ အပြင်မှာ ဝယ်သူဆဲ၊ ပြန်လာရင် စီနီယာတွေဆဲနဲ့ အဆဲသံသရာ ကမထွက်ဘူး၊   လမ်းကြောင်းထွက်ရမှာ တောင်ခတ်လန့်လန့်၊ အရောင်း အလုပ်ကနေ ထွက်မယ်လို့ တွေးမိတာလည်း အကြိမ်ကြိမ်။ အိုးနင်းခွက်နင်းနဲ့ လေ့လာသင်ယူရင်း နဲ့ မလိုအပ်တဲ့ အချိန်တွေကို ဖြုန်းတီးနေခဲ့တာပဲ။

အရောင်းအဖွဲ့ခေါင်းဆောင်ဖြစ်လာတော့် ကိုယ်ခန့်လိုက်တဲ့ အရောင်းသမားတွေကို မြန်မြန်သင်၊ မြန်မြန်တတ် လုပ်ပေးချင်တာပဲ၊ ဒါလည်း စနစ်တစ်ကျမရှိတော့ အိုးနင်းခွက်နင်းပဲ၊ ကာလ ဒေသအလိုက် မှန်တယ်ထင်တာ တွေ ဇွတ်လုပ်ရင်း အမှားတွေထပ်ခါထပ်ခါ ဖြစ်ပြန်တယ်၊ ပထမ(၃)လ မှာတင် ဝင်ပြီးပြန်ထွက်သွားတဲ့ အရောင်းသမားတွေကလည်း တစ်ပုံတစ်ပင် ကြုံဖူးတယ်။  


မသိတဲ့လူက မတတ်တဲ့ လူကို သင်ပေးတော့်လည်း စေတနာ ပါသည့်တိုင်အောင် ခရီးကလိုသလောက် မရောက်ခဲ့ဘူး။ ဒါကျွန်တော့်ဆီမှာပဲဖြစ်သလားဆိုတော့် လည်း မဟုတ်ပြန်ဘူး၊ အဖွဲ့အစည်းတိုင်းနီးနီး က လည်း အဲလိုပဲဖြစ်နေတာ၊ နောက်တော့် စနစ်လေးတစ်ခုတော့် လုပ်ရမယ်ဆိုပြီး တွေးမိတာနဲ့ အင်တာနက်ပေါ်က လိုက်ရှာဖတ်တော့် Brian Groth ဆိုတဲ့ လူရေးထားတဲ့ စာလေး သွားဖတ်မိတယ်။ ကိုယ်လိုချင်နေတဲ့ အရောင်းသမား အတွက် ပထမ (၃) လ မှာ ဘာတွေ လုပ်သင့်တဲ့ အကြောင်း ကို သေသေခြာခြာ ရေးထားတာ တွေ့ရတယ်၊ သူ ကိုယ်တိုင် ကလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ အရောင်း သမား အနေနဲ့ နှစ်ပေါင်းများစွာ လုပ်လာတော့ သူရေးထားတဲ့ စာတွေက လက်တွေ့ လိုက်လုပ်လို့ တော်တော် အဆင်ပြေတဲ့ အချက်တွေကို ရေးထားတယ်။  မူရင်းတွေဖတ်ချင်ရင်တော့် ဒီလင့်မှာ ကြည့်လို့ရပါတယ်။  


https://www.slideshare.net/BrianGroth/sales-onboarding-306090-day-plan-oct-2014

English လိုဖတ်ဖို့ အခက် အခဲရှိတဲ့ လူတွေအတွက် တတ်နိုင်သလောက်လေး ရှင်းပြပေးပါမယ်။ 



ပထမရက် (၃၀)

ဒုတိယရက်(၃၀)

တတိယရက်(၃၀)

လုပ်ထုံးလုပ်နည်း

(၁)မိမိ အဖွဲ့အစည်းနှင့် ပတ်သက်သည့် လူတိုင်းသိနိုင်သည့် နေရာများဖြစ်သော Flyer, Website, Facebook page စသည့် နေရာများမှ သတင်းများဖတ်ထားရန်


(၂) ရောင်းချနည်း စာအုပ်၊ အရောင်းသင်တန်းတက်ခြင်း၊ စကားပြောနည်း၊ ရောင်းချနည်းများ ကို လေ့လာခြင်းများလုပ်ရန်



(၃) မန်နေဂျာနှင့် တစ်ဦးခြင်းတွေ့ပြီး အရောင်းရည်မှန်းချက် ချ မှတ်ရန် 


(၄) စီနီယာများ အရောင်းထွက်ရာ နောက်လိုက်ပြီး လက်တွေ့ ရောင်းနည်း ကို လေ့လာ သင်ကြားရန် 


(၅) မိမိတာဝန်ယူမည့် စျေးကွက် နှင့် ထုတ်ကုန် အမျိုးအစား သတ်မှတ် ပြီး မန်နေဂျာနှင့်ဆွေးနွေးအတည်ပြုချက်ရယူရန် 



(၆) ဝယ်သူများမည်သို့ငြင်းပယ်တတ်သည်၊ ဆိုတာနဲ့ ငြင်းပယ်မူ ကို ကျော်ဖြတ်နည်း များကို အထူး လေ့လာ မှတ်သားရန်

(၁) မန်နေဂျာနှင့် တစ်ဦးချင်းတွေ့ပြီး Sales Pipeline စီမံခြင်း နည်းလမ်း နှင့် ပတ်သက်သည်များကို သင်ယူရန်၊ 


(၂) စျေးကွက်ထိုးဖောက်ပြီး နောက် ခြဲ့ထွင်နိုင်ရန် အတွက် ဌာနတွင်း လိုအပ်ချက်၊ ဘတ်ဂျက်စသည်များ ကို ကြိုတင်တွက်ချက်ထားရန်  


(၃) မိမိ ထုတ်ကုန် များ သည် အခြား ထုတ်ကုန်များ နှင့် မည်သည့် အချက်က သာသည့် အကြောင်း ကို ရှင်း ပြတတ် အောင် လုပ်ထားရန် 


(၄) မိမိတို့ အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြား ကုမ္ပဏီ၊ အစု အဖွဲ့များနှင့် ပူး ပေါင်းဆောင်ရွက် နည်း ပတ်သက် ပုံတို့ကို သိထားရန် 


( ၅) အရောင်းအခွင့်အလမ်း ရှာတတ် ရန်နှင့် ရောင်းချနည်း ကို မိတ်ဆက်နည်းမှစပြီး အရောင်းပိတ်တတ် သည်အထိကျွမ်းကျင်ထားရန်  

(၁) မန်နေဂျာနှင့်တစ်ဦးခြင်းတွေ့ပြီး ညှိနိင်းဆွေးနွေးခြင်း၊ သဘောတူညီချက်ချမှတ်ခြင်း၊ စာချုပ်ချုပ်ခြင်းစသည့် အသေးစိတ်အချက်များ ညှိနိုင်းနည်း ကို သင်ယူရန်။



(၂) မိမိ ကိုယ်တိုင် အရောင်းရည်မှန်းချက်ချမှတ်ခြင်း၊ စီမံခြင်းနှင့် သတင်းပို့ခြင်း များ ပြုလုပ်ရန်


(၃) မိမိတို့ အဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြား ကုမ္ပဏီ၊ အစု အဖွဲ့များနှင့် စနစ်တကျ တာဝန်ယူ၊ ညှိနိုင်း ၊ ပူးပေါင်းဆောင်ရွက်နိုင်ရန်


(၄) မိမိ အဖွဲ့အစည်း၏ ညှိနှိင်းဆောင်ရွက်ပုံ ၊ အပေးအယူမည်သည့်ပုံစံ ဖြင့် လုပ်သည်ကို သိရှိနားလည်ရန် 


(၅) အရောင်းထွက်ရာ တွင်သတိထားရမည့်အချက်များကို သိရှိနားလည်ရန် 

ထုတ်ကုန်

(၁) ထုတ်ကုန် အမျိုးအစားများ၊ အကြောင်း၊ အားသာချက်၊ အားနည်းချက်များ၊  ကို လေ့လာရန်


(၂) ထုတ်ကုန်အကြောင်း ဝယ်သူများကို ရှင်းပြထားသည့် ဗီဒီယိုများ၊ စာစောင်များ ဖတ်ရန် 


(၃) အလုပ်မဖြစ်သည့် စကားပြောပုံ၊ Email ပို့ပုံများ ကို လေ့လာမှတ်သားရန် 


(၄) လက်ရှိအသုံးပြုနေသည့် ထုတ်ကုန်အကြောင်းရှင်းပြသည့် အရောင်းနည်းလမ်းကို လေ့လာထားရန်။ 



(၁) မိမိ ထုတ်ကုန်ကို မည်သည့် အဖွဲ့အစည်း ကို မဆို ရှင်းပြ တတ် ရန်


(၂) ထုတ်ကုန် သရုပ်ပြခြင်း ကို ကျွမ်းကျင်နေရန် 


(၃) ထုတ်ကုန် အကြောင်း အသေးစိတ် သိနေရန် 


(၄) ထုတ်ကုန်က ဝယ်သူကို မည်သို့ အကျိုးပြုနိုင်ကြောင်းကို ပုံစံအမျိုးမျိုး၊ လူအမျိုးမျိုးကို ပြောဆိုတတ်စေရန် 


(၅) ထုတ်ကုန်စျေးနူန်း ၊ လျှော့် စျေး ပေါလစီများ ကို ကြေညှက်နေရန် 

(၁) မိမိ နဂိုရှိရင်း ထုတ်ကုန် (သို့မဟုတ်) စီးပွားရေးလုပ်ငန်းပေါ်တွင် ထပ်ဖြည့်နိုင်သည့် ထုတ်ကုန်၊ လုပ်ငန်းများ ထပ်ဖြည့်ပြီး တန်ဖိုးမြင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ဖို့ ကြိုးပန်းရန် 

အရောင်းထောက်ကူ

SFA, CRM, Google form, Viber နှင့် Field Reporting Apps စသည့်စ အရောင်း ထောက်ကူ   ပစ္စည်းများကို အရောင်း အဖွဲ့မှ သုံးနေပါက အသုံးပြုနည်း ကိုလေ့လာ သင်ကြားထားရန် နှင့် အခြေခံ သုံးတတ် အောင်လုပ်ရန် 

အသုံးပြုနေသည့် စနှစအရောင်းထောက်ကူ စနှစ်၊ သတင်းပို့စနှစ်များ များ ကို မိမိကိုယ်တိုင် ကျွမ်းကျင်စွာ သုံးတတ် နိုင်ရန် နှင့် အခြားသူကို ပြန်သင်ပေးနိုင်သည့် အဆင့် ကို လေ့လာထားရန် 

ကုမ္ပဏီပိုင် အရောင်းထောက်ကူပစ္စည်းများထဲမှ    မိမိစိတ်တိုင်းကျ၊ သတင်းပို့စနစ်၊ Dash Board၊ များ ကိုမိမိစိတ်တိုင်းကျ အဆင်ပြေဆုံးပုံစံ   ဖန်တီးရန်

စျေးကွက်

 (၁) မိမိတာဝန်ယူထားသည့် ထုတ်ကုန် နင့် မည်သည့် စျေးကွက် ကိုက်ညီနိုင်သည် ကို 

လေ့လာထားရန် 


(၂) မိမိ တာဝန်ယူထားသည့် စျေးကွက် တွင် ရှိနေသည့် တိုက်ရိုက် ပြိုင်ဘက်၊ ထိုးဖောက်ဒေသ( ဆိုင်)၊ပြိုင်ဖက် ထုတ်ကုန် အမျိုးအစား၊ Promotion Program၊ Discount Program များ လေ့လာထားရန်


(၃) မိမိတို့ ကုမ္ပဏီနှင့်ပတ်သက်နေသည့် လက်လီ၊ လက်ကား ဆိုင်များ၊ ​Key Account များ စာရင်းကို တောင်းကြည့်ထားရန် 




(၁) မိမိကိုယ်တိုင် စျေးကွက်ထိုးဖောက်ခြင်း၊ အစည်းအဝေးကျင်းပခြင်း ၊ ဝယ်သူများနှင့်တွေ့ဆုံခြင်း များ ပြုလုပ်ရန်


(၂) စျေးကွက် ကြောင်း၊ ဝယ်လိုအား ညွှန်းကိန်းများ၊ ဝယ်သူများနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် ဇတ်လမ်းများ ကို လေ့လာ မှတ်သားရန်


(၃) မိမိတို့ ကုမ္ပဏီနှင့်ပတ်သက်နေသည့် လက်လီ၊ လက်ကား ဆိုင်များ၊ ​Key Account များ မည်သည့် အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် အကြမ်းဖြင်း ရရှိနေသည့် ခံစားခွင့်၊ Discount များကို သိရှိထားရန် 

(၁) မိမိ စျေးကွက်နှင့် သက်ဆိုင်သည့် စျေးကွက်ဦးဆောင်သူများ၊ ပညာရှင်များ နှင့် ချိတ်ဆက် ရန်


(၂) မိမိစျေးကွက်နှင့်သက်ဆိုင်သည့် စည်းဝေးပွဲများ၊ ဟောပြောပွဲများ တက်ရောက်ရန်


(၃) မိမိတို့ ကုမ္ပဏီနှင့်ပတ်သက်နေသည့် လက်လီ၊ လက်ကား ဆိုင်များ၊ ​Key Account များ ကို အခြားသူများထက်သာသည့် ခံစားခွင့်ပုံစားများ ကို မိတ်ဆက်ရန်  


Brian Groth ရှင်းပြထားတဲ့အထဲက၊ တစ်ချို့လိုအပ်မယ်ထင်တဲ့ အရာတွေရယ်၊ မြန်မာပြည်နဲ့ မအပ်စပ် သေးဘူးထင်တဲ့ အချက်တွေကို ပြင်ထားပါတယ်၊ ဒီလို ပြင်တာကိုလည်းသူ့ဆီက ခွင့်ပြုချက် ယူထားပါတယ်။ အရောင်းနဲ့ပတ်သက်တဲ့ တန်ဖိုးရှိတဲ့ စာစောင်တစ်ချို့ကိုလည်း သူရေးထားတာတွေရှိတဲ့ အတွက် အချိန်ရရင် ရသလို တင်ပေးသွားပါမယ်။ 


အားလုံးပဲ အိုးနင်းခွက်နင်း ဘဝကနေ လွတ်နိုင်ကြပါစေဗျာ။ 


Article Credit: https://www.linkedin.com/in/bgroth/

Image Credit: Image by Gerd Altmann from Pixabay 














Comments

Popular posts from this blog

Beyond Survival: Building Resilient Businesses in Myanmar's Conflict Economy

Myanmar has endured decades of challenges, from political instability to ongoing civil wars. The 2021 military coup marked a new era of economic turmoil, exacerbating the already difficult circumstances. Today, small businesses in Myanmar face an unprecedented landscape—skyrocketing logistics costs, inflation on basic essentials, and a lack of security. Yet, despite these challenges, entrepreneurs continue to demonstrate remarkable resilience and adaptability. In this post, I’ll share some personal examples and strategies to help businesses adapt and thrive in such tough times. Top Challenges Facing Small Businesses in Myanmar Unstable Logistics and Supply Chains  Myanmar’s internal conflict has made travel and transport difficult, with parts of the country deemed unsafe. Logistics costs have surged, putting immense strain on business operations. Delayed deliveries and spoiled goods are now common challenges. Skyrocketing Costs of Essentials  Inflation is driving up the cost o...

Embracing Seth Godin's Purple Cow Theory: How Café Salween & Tesla Cybertruck Turned Uniqueness into Virality

What do a cozy café in Myanmar and a futuristic truck from Tesla have in common?  Uniqueness . Both transformed their products into  viral sensations  by embracing Seth Godin’s  Purple Cow theory , which emphasizes the importance of being remarkable in a world full of sameness. Café Salween: Turning a Historic Dish into a Viral Sensation In the heart of Myanmar,  Café Salween  has captured the attention of food lovers and travelers alike. The café’s  King's Gooseberry & Pork Curry  is more than just a dish; it's a  cultural experience . This royal delicacy, once favored by  King Mindon , doesn’t just fill your stomach—it tells a  story . By reviving this historical gem, Café Salween created an unforgettable dining experience that went viral. With 35 conversations sparked and 122 shares, the café proved that storytelling can elevate marketing to new heights. For anyone seeking unique culinary experiences,  Café Salween deliv...

How Losing Face Taught Me Resilient Leadership in Sales

  The Day I Lost Face—and Felt Most Proud Dust, Deal and Field Notes – Issue #3 Lessons from the road in last-mile distribution and decentralized leadership in Myanmar This article explores how a moment of failure taught me the power of decentralized leadership in sales teams The Unexpected Oasis in the Dry Zone We were on the road to Kamma Township, in Tayet District, Magway Region—a place I’ve always found quietly beautiful. It sits in one of the driest zones in Myanmar. Dusty plains stretch far and wide, and when the sun hits the land just right, it feels like you’re standing on the edge of a desert. But when the waters retreat, when the rivers and creeks step back just a little, the soil tells another story. This part of Magway becomes an unlikely oasis. Rich in nutrients carried by the floods, the soil needs no chemical fertilizers. Farmers here grow some of the country’s best onions and sesame, and they trust the land. They know the timing of the water, the weight of the sun,...