၄ ဆင့်မိတ်ဆက်နည်း
ထုတ်ကုန်အကြောင်း တိုတိုရှင်းရှင်းလိုရင်းရောက်အောင် မိတ်ဆက်နည်း
ရွှေးချယ်မူအမှား
ရောင်းချနည်းမြောက်များစွာထဲက အကြံပြုရောင်းချနည်း ကိုသုံးပြီး ဝယ်သူနဲ့ထိပ်တိုက်တွေ့ ရောင်းချ နေရင်း ထုတ်ကုန် အကြောင်းမိတ်ဆက်တဲ့အချိန်က ဘာဆက်ပြောရမလည်းဆိုတဲ့ စကားလုံးရွှေးချယ်ရ အခက်ဆုံးအချိန် ဖြစ်လေ့ရှိပါတယ်။
အရောင်းပိတ်ခါနီးဖြစ်တဲ့အတွက် အတော်ဆုံးအရောင်းသမားတွေတောင်မှ စိတ်လှုပ်ရှားမူတွေကို မနည်း ထိန်းချုပ်ပြီး စကားကိုလည်း ချင့်ချိန်ပြောနေရတာကြောင့် ပြောမှားဆိုမှားဖြစ်ရလေ့ရှိတတ်တယ်။
ဒီအဆင့်မှာ စကား အထားအသိုအမှားအယွင်း တစ်ခုက ဝယ်သူရဲ့ချက်ချင်း ငင်းပယ်မူကို ခံရတတ်လို့
ဒီအဆင့်မှာ စကား အထားအသိုအမှားအယွင်း တစ်ခုက ဝယ်သူရဲ့ချက်ချင်း ငင်းပယ်မူကို ခံရတတ်လို့
အရမ်းသတိထားရပါတယ်။
ဘာကြောင့်စကား အထားအသိုကို သတိထားသင့်တာလည်း
အရောင်းပညာရှင်တစ်ယောက်အတွက် ဒီတစ်ဆင့်မှာ ဝယ်သူ၊ရောင်းသူ နှစ်ဖက်လုံးရဲ့လိုအပ်ချက်များကို ပြည့်စုံစေမည့်
ထုတ်ကုန်မိတ်ဆက်နည်းကို အရိုးရှင်းဆုံး နဲ့စိတ်၀င်စားဖို့ကောင်းအောင် ပြေပြနိုင်ဖို့အရေးကြီးပါတယ်။ ကံဆိုးတာက
အရောင်း နိယာမ အတိုင်း ပဲ ပြောချင်တဲ့စကားတွေကို ကြိုပြင်ဆင် ပြီးအလွတ်ကျက်ထားလို့မရပါဘူး။
ဝယ်သူ တစ်ယောက်ချင်းစီအလိုက် ၊ လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်ချက်တွေကွာခြားတတ်လို့ပါ။
အရောင်း နိယာမ အတိုင်း ပဲ ပြောချင်တဲ့စကားတွေကို ကြိုပြင်ဆင် ပြီးအလွတ်ကျက်ထားလို့မရပါဘူး။
ဝယ်သူ တစ်ယောက်ချင်းစီအလိုက် ၊ လုပ်ငန်းအမျိုးအစားအလိုက် လိုအပ်ချက်တွေကွာခြားတတ်လို့ပါ။
ဒါဆိုဘယ်လိုလုပ်ရမှာလည်း
ဝယ်သူရဲ့ငင်းပယ်မူခံရ ကိန်း လည်းလျော့နည်းမယ် ၊ အရောင်းသမားဖက်က ပြောနေတာတွေကလည်း
ရောင်းရဖို့အရေးထက် ၊ ဝယ်သူရဲ့ ကိုယ်ကြိုးအတွက် ဦးစားပေး ပြောနေ ကြောင်းလည်း ပေါ်လွင်မည့်
ထုတ်ကုန်မိတ်ဆက်နည်းကို ၄ ဆင့်မိတ်ဆက်နည်း လို့ခေါ်တယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို အောက်မှာ
ရောင်းရဖို့အရေးထက် ၊ ဝယ်သူရဲ့ ကိုယ်ကြိုးအတွက် ဦးစားပေး ပြောနေ ကြောင်းလည်း ပေါ်လွင်မည့်
ထုတ်ကုန်မိတ်ဆက်နည်းကို ၄ ဆင့်မိတ်ဆက်နည်း လို့ခေါ်တယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာကို အောက်မှာ
တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
လိုအပ်ချက်ကို ဦးစားပေးပါ
တစ်ချို့အရောင်းသမားတွေက ဝယ်သူရဲ့ လိုအပ်ချက်ကို ပြဿနာတစ်ခု အနေနဲ့ ပုံစံခွက်ကြီးအတိုင်းကောက်ချက်ဆွဲပြီးဒီအချက်ကိုကိုင်ကာ ဝယ်သူကို ဖိရောင်းလေ့ရှိပါတယ် ။
အရေးကြီးဆုံး အချက်က ခုနလို ကောက်ချက်ဆွဲတာဟာ တစ်ခါတစ်လေမှာ မှန်နိုင်ပေမည့် အားနည်းချက် ကိုဖိရောင်းခံရတဲ့ခံစားချက် မျိုးဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ဝယ်သူလက်ခံနိုင်မူအပေါ်မူတည်ပြီး စကားလမ်းကြောင်း ပြောင်းတတ်ဖို့လိုပါတယ်။
နောက်တစ်ချက်အနေနဲ့ အရောင်းသမားတစ်ဦးရဲ့ အရေးအကြီးဆုံး အလုပ်က မိမိကိုယ်တိုင်ထက် ၊ ဝယ်သူကိုယ်တိုင် သူ့လိုအပ်ချက် ကို သူ နားလည်လက်ခံနိုင်အောင် မီးမောင်းထိုးပြဖို့နဲ့ ၀ယ်သူကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးဖို့ ဖြစ်တယ်။
ဝယ်သူတစ်ယောက်က သူ့လိုအပ်ချက်ကို အရိုးရှင်းဆုံး ပြောခဲ့ရင် ၊ “ ခုန အကိုဖြစ်ချင်တာက” ဆိုပြီးဝယ်သူပြောခဲ့တဲ့စကားအတိုင်း ပြင်မပြောဘဲနဲ့ ပြန်ပြောပေးချင်းဖြင့် ၄ ဆင့်ထုတ်ကုန်မိတ်ဆက်နည်းကို အစပျိုးနိုင်ပါတယ်။
အကြောင်းပြချက်ကို ခိုင်လုံစေပါ
ဝယ်သူတစ်ယောက်က သူရဲ့လိုအပ်ချက်ကို ပြောလာပြီဆိုတာနဲ့ “ဘာကြောင့်လည်း” ဆိုတာ ဆက်မေးဖို့မမေ့ပါနဲ့။
ဒီလိုမေးတာက ရိုးရှင်းတယ်လို့ထင်ရပေမည့် အဲလိုမေးလိုက်ခြင်းကြောင့်ထွက်လာတဲ့အဖြေက ခုန လိုအပ်နေတဲ့ အရာကို
ဒီလိုမေးတာက ရိုးရှင်းတယ်လို့ထင်ရပေမည့် အဲလိုမေးလိုက်ခြင်းကြောင့်ထွက်လာတဲ့အဖြေက ခုန လိုအပ်နေတဲ့ အရာကို
ဘာကြောင့်လိုချင် တယ်ဆိုတဲ့ အကြောင်းပြချက်ကို ခိုင်လုံစေပါတယ်။
ထုတ်ကုန်ကိုမိတ်ဆက်ပါ
ဝယ်သူတစ်ယောက် လိုအပ်ချက်ကို သိပြီး ၊ အကြောင်းပြချက်လည်း ခိုင်လုံ ပြီဆိုတော့မှ
ကိုယ့်ထုတ်ကုန်ကို ယုံကြည်စိတ်ချစွာ မိတ်ဆက်လို့ရပါတယ်။ ဘာကြောင့်ဒီအဆင့်က နောက်မှရောက်လာသလည်းဆိုတော့ အကြံပြုရောင်းချနည်း ပုံစံရဲ့ အခြေခံအုတ်မြစ်က ဝယ်သူရဲ့ လိုအပ်ချက်နဲ့ လိုချင်စိတ်ကို ဂဃနဏ နားလည်ပြီး
ကိုယ်ပေးနိုင်တဲ့ထုတ်ကုန်ကို ချိတ်ဆက် ရောင်းပေးရတာ ဖြစ်တယ်။ ကိုယ့်ထုတ်ကုန် အကြောင်းအရင်မလာပါဘူး။
ဘာအကျိုးရှိမှာလည်းဆိုတာရှင်းပြ
ဝယ်သူတစ်ယောက်က ထုတ်ကုန်တစ်ခုကို ကြိက်လို့ဝယ်လိုက်တယ်ဆိုတာ မရှိပါဘူး။ ဒီထုတ်ကုန် ကသူအတွက်ဘာလုပ်ပေးနိုင်တယ် ဆိုတဲ့တန်ဖိုးကိုဝယ်တာပါ။ဒါကြောင့် ကိုယ့်ထုတ်ကုန် ကိုအတင်းထိုးမရောင်းဘဲ ဒီထုတ်ကုန်က သူအတွက်ဘာလုပ်ပေးနိုင်တယ် ဆိုတဲ့ အကျိုးဆက်ကို ဇောင်းပေးရောင်းသင့်ပါတယ်။
၄ ဆင့်မိတ်ဆက်နည်း
ထုတ်ကုန်အကြောင်းမိတ်ဆက်ချိန်မှာ ပါဝင်ရမည့် အချက် (၄) ချက်ကို သိပြီးဖြစ်တဲ့အတွက်
ဒီလေးချက်လုံးလည်းပါအောင် ၊ စကားလုံးတွေလည်း ရိုးရှင်းအောင် ၊ မိနှစ်ပိုင်း အတွင်းတိုတိုနဲ့လိုရင်းရောက်အောင်ဘယ်လိုပြောမလည်း ဆိုတော့၊ အောက်က ဥပမာ (၂)ခု ကို ကြည့်နိုင်ပါတယ်။
ဥပမာ(၁) အညာက လယ်သမားတစ်ယောက်ကို ရေသွင်းပစ္စည်းရောင်းမယ်
အကိုခုနပြောတာ ရေသွင်းပစ္စည်းလိုချင်တယ်၊ ဘာကြောင့်လည်းဆိုတော့ အကိုတို့ဆီမှာ ရေရှားတော့ရာသီမကုန်ခင် ရေခန်းသွားမှာစိုးလို့လို့ပြောခဲ့တယ်နော်၊ ကျွန်တော်တို့ဆီမှာ အစက်ချ ရေသွင်းစနှစ်ရှိတယ် ၊ ရေကိုမလိုအပ်တဲ့နေရတွေမရောက်အောင် စနစ်တစ်ကျ ထိန်းသွင်းပေးလို့ ရေချွေတာရာ ရောက်တဲ့အပြင်၊ အပင်တိုင်းရေဝအောင်တိုက်နိုင်တဲ့
အတွက်ပင်ထွက်ညီပြီးထွက်နုန်းကောင်းစေပါတယ်။
ဥပမာ(၂) ကားအာမခံရောင်းမယ်
အမခုနပြောတာက လမ်းပေါ် ကားမောင်းနေရင်သတိထားနေရတယ် ၊ ဘာကြောင့်လည်း
ဆိုတော့ ကိုယ့်ဖက်ကမမှားရင်တောင် သူများဘက်က မှားပြီးထိမိခိုက်မိမှာ စိုးတယ်လို့ပြောခဲ့တယ်နော် ၊ ကျွန်တော်တို့ရဲ့ အလုံးစုံကားအာမခံမှာ ဘယ်သူ့ဘက်ကမှားမှား အလျှော်အစားရှိလာရင် ကျွန်တော်တို့ဖက်က တာဝန်ယူဖြေရှင်းပေးတဲ့အပြင်၊ကားထိခိုက်မူရှိရင်လည်း ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ ဆိုင်ကြီးတွေမှာ အခမဲ့ပြင်ဆင်နိုင်ပါတယ်တဲ့အတွက် အများကြီးစိတ်သက်သာရာရမှာပါ။
ဒီဥပမာ (၂) ခု ကို ကြည့်ပြီးအောက်မှာ ဇယားတစ်ခုနဲ့ ခုန အချက် (၄)ချက်ကို ဆွဲထုတ်ကြည့်ကြမယ်။
ထုတ်ကုန်အကြောင်း (၄) ဆင့်မိတ်ဆက်နည်းကို ကုန်စည်အတွက်ဖြစ်ဖြစ် ဝန်ဆောင်မူအတွက်ဖြစ်ဖြစ် အသုံးပြုလို့ရ ကြောင်းရှင်းပြပြီးပါပြီ။ နှစ်ပေါင်းများစွာ အရောင်းသမားတစ်ဦး အနေနဲ့ သုံးခဲ့တာ ဖြစ်လို့ လူတိုင်းစမ်းသုံးကြည့်နိုင်ပါတယ် ။
အရောင်းပညာရပ်တစ်ခု ဖြစ်တဲ့ အတွက် ကာလ ၊ ဒေသအလိုက် ပြောင်းသုံးရမည့် အချက်တွေ အများကြီးရှိတာကို လည်း သတိချပ်စေချင်ပါတယ်။ အရောင်းပညာရပ်တစ်ခုက ကျယ်ပြန့်တဲ့ အတွက် အထပ်ထပ် လေ့လာ ၊ လေ့ကျင့် ထပ်တိုးသင်ယူ သင့်ပါတယ်။
အရောင်းပညာရပ်တစ်ခု ဖြစ်တဲ့ အတွက် ကာလ ၊ ဒေသအလိုက် ပြောင်းသုံးရမည့် အချက်တွေ အများကြီးရှိတာကို လည်း သတိချပ်စေချင်ပါတယ်။ အရောင်းပညာရပ်တစ်ခုက ကျယ်ပြန့်တဲ့ အတွက် အထပ်ထပ် လေ့လာ ၊ လေ့ကျင့် ထပ်တိုးသင်ယူ သင့်ပါတယ်။
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ
Comments
Post a Comment