Skip to main content

Posts

Showing posts from December, 2020

ဝယ်သူအပေါ် အခြေခံသည့် ဝင်ငွေ ရှာဖွေရေး ဒေါက်တိုင်များ ဖွဲ့စည်းပုံ နှင့်တာဝန်ခွဲဝေမူပုံစံ

  ဝယ်သူတစ်ယောက် မိမိထုတ်ကုန်ကို အသုံးပြုပြီး လိုအပ်ချက်ကို ဖြည့်နိုင်ဖို့ရာက တစ်ဦးတစ်ယောက်တည်းရဲ့တာဝန်မဟုတ်၊ အားလုံးနဲ့ဆိုင်တဲ့တာဝန် ဆိုပြီး ပြောဖို့က အင်မတန်လွယ်ပါတယ်။ စပြဿနာ တက်တာက ဘယ်သူကဘာလုပ်ပြီး ဘယ်ချိန်ကျဘယ်သူတာဝန် ယူမှာ လည်း ဆိုတာနဲ့ အဖွဲ့အစည်းတစ်ခု ရဲ့ အသက်သွေးကြောဖြစ်တဲ့ စျေးကွက်၊ အရောင်းနဲ့ ဝန်ဆောင်မူ ဌာနတွေက စနစ်တစ်ကျ လုပ်ငန်းတာဝန်တွေ ဘယ်လို ခွဲဝေကြမယ်ဆိုတာက လွယ်မလိုနဲ့ခက်ပြီး တော်တော် ခေါင်းခဲတဲ့ ကိစ္စပါ။   နောက်ပြဿနာတစ်ခု က အရောင်းသမားတွေအနေနဲ့   အရောင်းတစ်ခု ဘယ်အဆင့် ရောက်ရင် အရောင်းပြီးမြှောက်တယ်ဆိုတာ ကို သေခြာမသိတဲ့ပြဿနာပါ၊ သူတို့မသိတော့် သူတို့ကို ပံ့ပိုးဖိုး တစ်ခြားသူတွေက ဘယ်ကစလုပ်ရမယ်မသိတာပါပဲ။ ဒီပြဿနာ က လက်ရှိအရောင်းသမား အလုပ်ထွက်သွားရင် ပိုဆိုးပါတယ်။ အထက်ပါပြဿနာတွေကို ဖြေရှင်းဖို့အတွက်က စျေးကွက်၊ အရောင်း၊ ဝန်ဆောင်မူဆိုတဲ့ ဝင်ငွေရှာတဲ့ အဖွဲ့တွေ စနစ်တစ်ကျ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်မှ ဖြစ်မှာပါ။   ဝယ်သူရဲ့ အောင်မြင်မူ အပေါ် အခြေခံတဲ့ ဝင်ငွေရှာဖွေရေး ဌာနတွေ ဖွဲ့စည်းမူပုံစံ ( Reve...