လက်ရှိအကြပ်အတည်း နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF မှ BBC ကိုပြေပြချက် အရ ၁၉၃၀ ကမ္ဘာ့စီးပွားရေးပျက်ကပ် ကာလ နောက်ပိုင်း အဆိုးဆုံးသော စီးပွားရေး အကြပ် အတည်းကာလ ကို ရောက်နေတာဖြစ်တယ်။ ဒီအကြပ်အတည်းကာလကနေလွတ်နေတဲ့ နိုင်ငံမရှိသလို လွတ်တဲ့ လူတွေလည်းမရှိပါဘူး။ မြန်မာနိုင်ငံမှာလည်း သူ့ပမာဏနဲ့ သူလုပ်ငန်းတိုင်း က အကြပ်အတည်း ကိုရင်ဆိုင်နေရတာ ဖြစ်တဲ့ အတွက် အဖွဲ့ အစည်းတစ်ခုရဲ့ ဝင်ငွေကို ဒိုင်ခံရှာပေးနေရတဲ့ အရောင်း အဖွဲ့ တွေကို ဒီစီးပွားရေး အကြပ်အတည်းက တိုက်ရိုက်ရိုက်ခတ်နေတာလည်းဖြစ်တယ်။ ဘယ်သူ့အပြစ်ကြောင့်မှ ဖြစ်နေတာမဟုတ်ပါဘူး။ အားလုံးမှာဖြစ်နေတာပါ။ အကြပ်အတည်းကာလ အရောင်းအဖွဲ့တွေမှာဘာတွေဖြစ်တတ်လည်း (၁) သဘောတူပြီးသား အရောင်းတွေဆုံးရှံးကြတယ် (၂) ရှိပြီးသား အရောင်းဝင်ငွေလျှော့ရ၊နောက်ကျပြီးရလာကြတယ် (၃) ဝန်ထမ်းနုတ်ထွက်၊ လျှော့ချ၊ ထုတ်ပယ် ၊ ပြောင်းရွှေ့တွေများလာကြတယ် (၄) အရောင်းရည်မှန်းချက်တွေ ဆက်တိုက်လွဲလာကြတယ် (၅) အပြစ်ပေး၊ အရေးယူမူတွေများလာကြတယ် (၆) ၎ာနချင်း အပြစ်တင်၊ လွဲချ၊သွေးကွဲတာတွေများလာကြတယ် အကြပ်အတည်းကာလကို ဘယ်လိုကျော်ဖြတ်ကြမှာလည်း ...
more than 15 Years of sales experience, written down for everyone " Let the knowledge be free "