Skip to main content

Posts

Showing posts from November, 2019

နောက်တန်းအရောင်းသမား

နောက်တန်းအရောင်းသမား အမြင်  မြန်မာပီပီ မြန်မာလိုစေ့စေ့ပေါက်ပေါက် တွေးမယ်ဆိုရင် အရောင်းသမားဆိုတာ ပစ္စည်းတစ်ပွေ့တစ်ပိုက် ၊ နေပူထဲ၊  ချွှေးတစ်လုံးလုံးနဲ့သွားလာနေတတ်တာကို တန်းမြင်ကြ လိမ့်မယ်။ တစ်ကယ်လဲ ဒီရာသီဥတုနဲ့ ဒီလို ပဲသွားလာကြတာများတာကို။  အနောက်တိုင်း ရုပ်ရှင်တွေထဲကလောက်တော့် ဘယ်ကဗျာဆန်မလည်း။  နောက်ထပ် အရောင်းသမားတွေအပေါ် မြင်လေ့ရှိတာက ၊ စကားများတယ်၊ လိုရာဆွဲပြောတတ်တယ် ဒါတွေကတော့် လူတိုင်းမြင် ကြလွန်းလို့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုအနေနဲ့ တောင်ဖြစ်နေပြီ။  အရောင်းအဖွဲ့  ကုမ္ပဏီ တစ်ခုမှာ အရောင်းအဖွဲ့တွေကို ကိုယ့်ထုတ်ကုန်၊ ကိုယ့်စျေးကွက်နဲ့ ကိုညီအောင် ပုံစံအမျိုးမျိုးဖွဲ့ကြ လေ့ရှိတယ်။ များသောအားဖြင့် ကိုင်ရတဲ့ ကုန်အမှတ်တံဆိပ်နဲ့ခွဲတာ ၊ ကိုင်ရတဲ့စျေးကွက်နဲ့ခွဲတာ စသည်ဖြင့် ခွဲကြတယ်။ ဘယ်အဖွဲ့ကို ဘယ်လိုခွဲခွဲ လုပ်ရတဲ့ အဓိက အလုပ် ပေါ်ခွဲရင်တော့ (၂) မျိုးပဲ ရှီတယ်။ ရှေ့တန်းအရောင်းသမားလို့ ခေါ်တဲ့   အပြင်ထွက်ရောင်းရတဲ့ အဖွဲနဲ့ နောက်တန်း အရောင်းသမားလို့ခေါ်တဲ့ ရုံးတွင်း အရောင်း အဖွဲ့ဆိုပြီး (၂) ဖွဲ့ခွဲ လို့ရတယ်။ မြန်မာပြည်မှာရေရေလည်လည် တွင...